တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / January 09, 2024
image_latest


နေပြည်တော် ဇန်နဝါရီလ ၉

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ညောပြင်ရွာကို ဇန်နဝါရီ ၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၈ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၇၀၀ ခန့်၌ အနီးဝန်းကျင်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ၎င်းတို့အခြေပြုနေထိုင်သည့် တဲများအား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်းနှင့် လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,