တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် နေအိမ်မီးလောင်မှု

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 21, 2023


     ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ပိုင်ရှင် ဦးစံမြင့်၏ ၂၀x၃၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထားဝယ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီး၊ အထောက်အကူပြုယာဉ် နှစ်စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါ မီးလောင်မှုကြောင့် ၂၀x၃၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၈x၃၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၅x၄၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးစံမြင့်အား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,