တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၌ သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၌ သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနား ကြည့်ရှုစစ်ဆေး


Ministry of Home Affairs/ နေပြည်တော် / June 21, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၌ သဘာဝဘေး  မုန်တိုင်းအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်  လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက် ၈ နာရီတွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ပုလုံးတုံတုံးကျေးရွာတွင် သဘာဝဘေးမုန်တိုင်းအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု အခမ်းအနား၌ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ဇာတ်တိုက်ပူးပေါင်းလေ့ကျင့်နေမှု အခြေအနေများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,