တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု


Ministry of Home Affairs/ Naypyitaw / July 21, 2025


    ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဇင်ယော်ရပ်ကွက်၊ ပြည်တော်စံဘုန်းတော်ကြီးကျောင်းဝင်းရှိ ဓမ္မာရုံပေါ်သို့ လုံးပတ် ၄ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ မလေးရှားပိတောက်ပင် လဲကျခြင်း၊ အေးချမ်းမြိုင်ရပ်ကွက်၊ ဗစ်တိုးရီးယားဟိုတယ်ရှေ့၊ ကော့သောင်း-ဘုတ်ပြင်းကားလမ်းမကြီးဘေး၌ လုံးပတ် ၅ ပေခွဲ၊ အမြင့် ၅၀ ပေခန့်ရှိ မလေးရှား ပိတောက်ပင် လဲကျခြင်းနှင့် အေးရိပ်ငြိမ်ရပ်ကွက်၊ ရှင်စောပုလမ်း၌ လုံးပတ် ၅ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ စိန်ပန်းပင် လဲကျခြင်းတို့ ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။  
 

HOT NEWS
January 4,