တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဖွင့်လှစ်ထားသည့် စိန်၊ ရွှေ၊ ရတနာဆိုင်များ၌ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဖွင့်လှစ်ထားသည့် စိန်၊ ရွှေ၊ ရတနာဆိုင်များ၌ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး


Ministry of Home Affairs/ နေပြည်တော် / August 08, 2025


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဖွင့်လှစ်ထားသည့် စိန်၊ ရွှေ၊ ရတနာဆိုင်များ၌ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် ဦးဆောင်၍ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။