တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လူအများကိုးကွယ်သည့် ဘာသာသာသနာကို ယုတ်ညံ့ စေရန်နှင့် အယူလွဲမှားမှုများ ဖြစ်ပေါ်စေရန် ဟောပြောသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လူအများကိုးကွယ်သည့် ဘာသာသာသနာကို ယုတ်ညံ့ စေရန်နှင့် အယူလွဲမှားမှုများ ဖြစ်ပေါ်စေရန် ဟောပြောသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 28, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လူအများ ကိုးကွယ်သည့် ဘာသာသာသနာကို ယုတ်ညံ့စေရန်နှင့် အယူလွဲမှားမှုများ ဖြစ်ပေါ်စေရန် ဟောပြောသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ်၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းရှိ ယထာဘူတပဋိပတ္တိ သာသနာ့ရိပ်သာ၌ ဘာသာသာသနာကို ညှိုးနွမ်းစေမည့် အဓမ္မဝါဒများအား ရပ်ကွက်နေပြည်သူများကို ဟောပြောခြင်းများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရီချင်း(၄၀)နှစ်သည် ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ၌ ထီးဖြူမိုး၍ ပလ္လင်ပေါ်တွင်ထိုင်ကာ လူအများကိုးကွယ်သည့် ဘာသာသာသနာကို ယုတ်ညံ့စေရန်နှင့် အယူလွဲမှားမှုများကို ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များသာ သီတင်းသုံးခွင့်ရှိသော အထွတ်အမြတ်ထားရာ ပလ္လင်ပေါ်တွင်ထိုင်ခြင်း၊ ထီးဖြူမိုးခြင်း၊ ယပ်တောင် အသုံးပြုခြင်း၊ လွဲမှားသောဝါဒများကို ဟောပြောခြင်းများပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ထားဝယ် မြို့မရဲစခန်း (ပ)၈၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   အမှုမှ တရားခံအား စစ်ဆေးခဲ့ရာ ၎င်းသည် လွန်ခဲ့သော ၃ နှစ်ခန့်က အိမ်အတွင်းအလှပြင် လုပ်ငန်းအား လုပ်ကိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လခန့်မှ စတင်၍ တရားဟောသည့်လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် ငွေကြေးအကျိုးအမြတ်ရရှိခြင်း၊ လူအချို့၏ယုံကြည်မှုနှင့် အရိုအသေပေးခြင်းများ ခံရခြင်းတို့ကြောင့် လူဝတ်ကြောင်ဖြင့် တရားဟောသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

  အထက်ပါဖြစ်စဉ်မှ လူအများအထွတ်အမြတ်ထားကိုးကွယ်ရာ သံဃာတော်များသာ သီတင်း သုံးသည့်နေရာနှင့် အရာဝတ္ထုများအား အသုံးပြုကာ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန်နှင့် လူအချို့၏ ဘာသာရေးယုံကြည်မှုကို အခွင့်ကောင်းယူ၍ မိမိ၏ကိုယ်ကျိုးအတွက် အဓမ္မဝါဒများ ဟောပြောကာ ဘာသာရေးဆိုင်ရာနေရာအား ယုတ်ညံ့စေရန် ပြုလုပ်ခဲ့သူ ရီချင်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,