တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၌ နေအိမ်မီးလောင်မှု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၌ နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / October 13, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၌ ပိုင်ရှင် ဦးခိုင်ငယ်၏ ၁၈ x ၃၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ်ရှိ မီးပလတ်ခုံ အပူလွန်ကဲပြီး ဝိုင်ယာကြိုးမှတစ်ဆင့် မွေ့ယာများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည်  မီးသတ်ယာဉ် ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၁၈ x ၃၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် နေအိမ် အပေါ်ထပ်၏ သစ်သားကြမ်းခင်း ၁၈ x ၂၀ ပေ၊ တစ်ယောက်အိပ်မွေ့ယာ နှစ်ခု မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်သီတာ အား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။