တနိုင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

တနိုင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ


Ministry of Information/ Naypyitaw / November 22, 2024
image_latest


တနိုင်း နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော အသိညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားလာမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်ပြီး လူမှုပတ်ဝန်းကျင်နှင့်နိုင်ငံကို အကျိုးပြုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။

ဦးစွာ တနိုင်းမြို့ အမှတ်(၁)ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့" သီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  ဒေကွပ်ကဲ‌ရေးမှူး၊ ခရိုင်အုပ်ချုပ်‌ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးတို့က စာစီစာကုံးပြိုင်ပွဲဆုရရှိသူများ၊ ပန်းပွားအကများအား ဂုဏ်ပြုဆုချီးမြှင့်ကြပြီး  ဒေသကွပ်ကဲရေးမှူးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးပွဲ‌တော်အတွက် ဂုဏ်ပြုချီးမြှင့်‌ငွေ(၁၀)သိန်း ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

ထို့‌နောက် ဒေသကွပ်ကဲ‌ရေးမှူးတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ခင်ကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ စကာပုံဆက်ပြိုင်ပွဲ၊ သင်ထောက်ကူပြခန်းပြိုင်များ၊ အားကစားပြိုင်ပွဲ ကျင်းပနေမှုများအား ကြည့်ရှုအားပေးသည်။

ဆုပေးပွဲအခမ်းအနားအား ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ  ခရိုင်ရဲတပ်ဖွဲမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်လဝက ဦးစီးမှူး(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဘောက်နော်၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်ပြန်ကြား‌‌ရေးပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ရီနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကဗျာရွတ်၊ ပုံပြင်ပြော၊ အင်္ဂလိပ်အပြောစွမ်းရည်ပြိုင်ပွဲ၊ သင်ထောက်ကူပြခန်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှသူများအား ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မနောမြေ

HOT NEWS
January 4,