တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Ministry of Cooperatives and Rural Development/ Naypyitaw / May 26, 2025

ပြင်ဦးလွင်၊ မေ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ဒေသတွင်း စားနပ်ရိက္ခာပေါများရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်)အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၀) နောင်ခမ်းကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြပါသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင်သင်ကြား ပေးမည့် ဘာသာရပ်တို့ကို ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား (၂၀) ဦးအား မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့ အထိ သင်တန်းကာလ (၇)ရက်ကြာ သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင် အမျိုးမျိုးပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။