တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / December 28, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ပညာရေးအဖွဲ့အစည်းအဝေး ကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေ ခြင်း၊ ဘာသာရပ်ဆိုင်ရာဌာနများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ယင်းနောက် ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်းပညာ) ရရှိသူတို့ကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့် လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး သူနာပြုပါရဂူဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး)၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာဒီပလိုမာ၊ အထူးကြပ်မတ်သူနာပြုစုမှုဒီပလိုမာ၊ ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာ၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ရရှိသူတို့အား ဘွဲ့များအပ်နှင်းပေးအပ်ခဲ့သည်။

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာအရာရှိများ နိုင်ငံတကာအဆင့်မီ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေလွှတ်ခဲ့ရာ သူနာပြုပါရဂူဘွဲ့နှင့် သူနာပြု မဟာသိပ္ပံဘွဲ့အတွက် ၁၉၉၈ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် ထိုင်းနိုင်ငံ Burapha University သို့လည်းကောင်း စေလွှတ်ပညာ သင်ကြားစေခဲ့သည်။

အလားတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်း အထက်တန်းသူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှု သင်တန်း သို့လည်းကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါ အထူးကြပ်မတ်ကုသမှုသင်တန်းသို့လည်း ကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြု မဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့သင်တန်းများသို့လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြု မဟာသိပ္ပံဘွဲ့သင်တန်းသို့လည်းကောင်း ပညာတော်သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,