တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးနိုင်ခဲ့

တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးနိုင်ခဲ့


Ministry of Information/ Naypyitaw / May 04, 2024
image_latest


နေပြည်တော် မေ ၃

မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။

မေ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) အား ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြရာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခြင်း၊ ထိုင်းဘုရင့် လေတပ်မတော်အား စတင်တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ် ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံဆွေးနွေးခြင်း များဆောင်ရွက်ပြီး နှစ်နိုင်ငံ လေတပ်အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ ထိုင်းဘုရင့် လေတပ်ဌာနချုပ် onference Room ၌ တပ်မတော် (လေ) နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အပြန်အလှန်ဆွေးနွေး

ယင်းနောက် Air War College သို့သွားရောက်ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ Air War College ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် Air War College တာဝန်ရှိသူတစ်ဦးမှ Air War College ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ အပြန်အလှန်ဆွေးနွေးမှုများ၊ Academic ဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပ လေ့လာရေးခရီးစဉ်များ၊ သင်တန်းသားအရည်အချင်း သတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် ကြည့်ရှုလေ့လာ၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏ National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

ကြည့်ရှုလေ့လာ

ထို့နောက် တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ရေအောက်ကမ္ဘာ - Sea Life Paragon Department Store သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်က တည်ခင်းဧည့်ခံ သော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

မေ ၂ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ် အဖွဲ့သည် ဘန်ကောက်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရွှေဆင်းတုတော် Wat Traimit Wittayaram Worawihan ဘုရား၊ ရှေးဟောင်းသမိုင်းဝင်အာရုဏ် Wat Arun ဘုရားနှင့် ရှေးဟောင်းသမိုင်းဝင် လျောင်းတော်မူဝပ်ဖို Wat Pho ဘုရားများသို့ သွားရောက်ဖူးမြော်၍ တော်ဝင်ရေတပ်သင်္ဘောပြတိုက် Royal Barge Museum ကို လေ့လာကြည့်ရှုခဲ့ကြသည်။

ပြန်လည်ရောက်ရှိ

မေ ၃ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်

HOT NEWS
January 4,