တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


The Supreme Court of the Union/ Nay Pyi Taw / June 09, 2022


နေပြည်တော်၊ ဇွန်   ၉    

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတရားစီရင်ရေး၏ဖွံ့ဖြိုးတိုးတက်မှုနှင့် အားကောင်းမှုအတွက် အခြေခံဖြစ်သည့် ယခင်မဟာဗျူဟာစီမံကိန်း၏အတွေ့အကြုံနှင့် အောင်မြင်မှုတို့အပေါ်အခြေပြု၍ မဟာဗျူဟာ စီမံကိန်းအသစ်တစ်ရပ် ရေးဆွဲနိုင်ရန်ရည်ရွယ်၍ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့”နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းဖြင့်ကျင်းပ ပြုလုပ် သည်။

အဆိုပါ အွန်လိုင်းဖြင့်ကျင်းပပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများ၊ တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ လက်ရှိမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂ ခုနှစ်) ကို ပြန်လည် သုံးသပ်ရေး၊ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၂၃-၂၀၂၇ ခုနှစ်) ရေးဆွဲရေးနှင့် ပထမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၃ ခုနှစ်) ရေးဆွဲရေး လုပ်ငန်းစဉ်များကိုဆွေးနွေး ခဲ့ကြသည်။

         

တရားစီရင်ရေးဆိုင်ရာရည်မှန်းချက်များနှင့်အညီ တရားစီရင်ရေးကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်ရည်ရွယ်၍ ပထမအကြိမ် သုံးနှစ်တာတရားစီရင်ရေးဆိုင်ရာမဟာ ဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇ ခုနှစ်) ကို အောင်မြင်စွာအကောင်အထည်ဖော်ပြီးနောက် ဒုတိယမြောက် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂ခုနှစ်) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလသည် ၂၀၂၂ ခုနှစ်တွင် ပြီးမြောက်မည် ဖြစ်သည်။

HOT NEWS
January 4,