တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / March 28, 2024
image_latest


နေပြည်တော် မတ် ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့ ၃ မိုင် ရွှေပြည်သာရပ်ကွက် ဒေါ်မြရင်လေး ရိပ်သာလမ်းမှ ခြံဝင်းတစ်ခုအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် တရုတ်စာသားပါ ယူရီးယားဓာတ်မြေဩဇာ ၅၀ ကီလိုဂရမ်ပါ ၂၁ အိတ် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၂၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့အဝင် မိုင်တိုင်အမှတ်(၂/၇)အနီး၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသည့် ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Lipovita-D အချိုရည် ပုလင်း၂၆၅၀၀၊ ဆပ်ပြာမှုန့်အထုပ်၇၂၀၊ Yam Yam ခေါက်ဆွဲခြောက် အထုပ် ၁၀၈၀၀ အပါအဝင် ကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၈၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sight Seeing Bus တစ်စီး၊ Win Myanmar Bus တစ်စီး၊ Volvo Bus တစ်စီး၊ Higer Bus တစ်စီးနှင့် Hino Bus တစ်စီး စုစုပေါင်း ယာဉ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၈၉၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် (၆)ကွေ့မှတ်တိုင်အနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Double Bear ဆန်မှုန့် ၅၁၄၈ ထုပ်အပါအဝင် ကုန်ပစ္စည်းသုံးမျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၁၉၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Sunkist လိမ္မော်သီး ၁၅၀၀ ကီလိုဂရမ်၊ အိန္ဒိယနိုင်ငံထုတ် Fertizee – M အားဆေးဘူး ၄၄၈၀၀၊ ကားအပိုပစ္စည်း Three Jaw Puller ၄၀၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၄၁၁၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် JAC Bus တစ်စီးနှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၂၃၆၀၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၂၅ ရက်တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၆၃၅၀၆၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

HOT NEWS
January 4,