တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိ
Ministry of Foreign Affairs/ နေပြည်တော် / April 27, 2026
(၂၅-၄-၂၀၂၆ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၅-၄-၂၀၂၆ ရက်မှ ၂၆-၄-၂၀၂၆ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၅-၄-၂၀၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ ကြကြောင်းသိရှိရပါသည်။