တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ်အစီအစဉ် ကျင်းပ

တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ်အစီအစဉ် ကျင်းပ


Ministry of Information/ Naypyitaw / June 06, 2025
image_latest


ရန်ကုန် ဇွန် ၅

တရုတ်-မြန်မာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ်အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Hotel Ru Yi ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mrs.Ma Jia၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းနု၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းကျော်၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်တို့က အမှာစကား ပြောကြားခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံမှအနုပညာအဖွဲ့များက ယဉ်ကျေးမှုအနုပညာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ CITIC Star ဇာတ်လမ်းတိုပြိုင်ပွဲ၏ ဆုရလက်ရာများကိုပြသပြီး ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး တရုတ်-မြန်မာသီချင်းများ ပေါင်းစပ်ဖျော်ဖြေမှုဒဏ္ဍာရီပုံပြင် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ 

ကိုထက်

HOT NEWS
January 4,