တာချီလိတ်မြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


နေပြည်တော်၊ ဇွန် ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၃ ရက်  ညနေ ၃ နာရီတွင် သတင်းအရ တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် လက်နက်ခဲယမ်းများ၊ စိတ်ကြွရှုးသွပ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဟိန်းမင်းထိုက်မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်နှင့် မင်းမင်းလတ်မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၆ ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဟိန်းမင်းထိုက်မောင်းနှင်လာသည့် မော်တော်ယာဉ် ပေါ်မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် အမှုန့်ကြိတ်စက်တစ်လုံး၊ BLOMYUI စာတန်းပါ အခြောက်ခံစက် ၁ လုံး၊ တံဆိပ်ရိုက်စက် ၁ လုံး၊ စိတ်ကြွရူးသွပ် ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာအိတ်အကြီး ၃၁ လုံး၊ မင်းမင်းလတ် မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာ အိတ်အကြီး ၆၉ လုံးတို့ကိုသိမ်းဆည်း ရမိခဲ့သည်။

ကွင်းဆက်အရ  စိုင်းအောင်ခမ်းအား တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ညနေ ၄ နာရီအချိန်က  ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် နံနက်  ၅ နာရီ ၄၅ မိနစ်တွင် စိုင်းအောင်ခမ်း နေထိုင်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ ၃ လမ်း၊ ရွှေနဂါးတိုက်တန်း၊ အခန်းအမှတ် ၄ အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ၊ အိုက်စ် သုည ဒသမ ၈ ကီလို၊ M 22 သေနတ် ၂ လက်၊ M 16 သေနတ် ၁ လက်၊  ပွိုင့် ၄၅ ပစ္စတို သေနတ် ၁ လက်၊ M 22 ကျည်အိမ် ၄ ခု၊ M 16 ကျည်အိမ် ၆ ခု၊ ပွိုင့် ၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့် ၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမလူဂါကျည် ၇၅ တောင့်၊ ပွိုင့် ၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၆ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တံဆိပ်ရိုက်ရာတွင်အသုံးပြုသည့်WYစာတန်းပါမို ၁၆၉၀ ၊ မြင်းခေါင်း တံဆိပ်ပါမို ၅၃၅ ချောင်း၊ ပန်းသီးပုံတံဆိပ်ပါမို ၂၁၅ ချောင်း၊ A တံဆိပ်ပါမို ၉၅ ချောင်း၊ R တံဆိပ်ပါမို ၆၅ ချောင်း၊ တံဆိပ်မပါမို ၁၃၁၆ ချောင်း၊ စုစုပေါင်းမို ၃၉၁၆ ချောင်း၊ မိုခေါင်း ၈၀၀ ၊  စိတ်ကြွရူးသွပ် ဆေးပြားထည့်သည့် အိတ်အသေး ၂၀,၀၀၀ ခန့်စီပါ ဆာလာအိတ်အကြီး ၆၉ လုံးတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းမင်းထိုက်(၂၈)နှစ်၊ မင်းမင်းလတ်(၃၀)နှစ်၊ စိုင်းအောင်ခမ်း(၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။  (သတင်းစဉ်)

HOT NEWS
January 4,