တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / December 09, 2023
image_latest


မန္တလေး ဒီဇင်ဘာ ၈

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT) သို့ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိသော ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဖွဲ့လိုက်သုတေသန ဆောင်ရွက်လျက်ရှိကြသော ဆရာများ၊ ကျောင်းသားများကို ကြည့်ရှုအားပေးကာ နိုင်ငံ့ဂုဏ်ရောင် ထွန်းပြောင်စေသည့် အိုင်တီပညာ ရှင်များ ဖြစ်စေရေး၊ သုတေသနရလဒ်များကို MSMEs များတွင် အသုံးချနိုင်ရေး မှာကြားပြီး တာဝန်ရှိသူများအား ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် နောက်ဆုံးပေါ် အိုင်တီနည်းပညာများကို လေ့လာကြရန်နှင့် ပြည်သူ့အကျိုးကို လက်တွေ့ကျကျ အထောက်အကူပြုမည့် သုတေသနများ ဆောင်ရွက်ကြရန် မှာကြားကာ မိုးလုံလေလုံ အားကစားရုံ၌ ဘတ်စကက်ဘော ကစားနေသော ကျောင်းသားများကို ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မွန်မြတ်သော အနန္တဂိုဏ်းဝင် ဆရာများအဖြစ် ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး လိုက်နာဆောင်ရွက်ရန် မှာကြားပြီး အတွင်းအဆောင်နေ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ (ဝဲပုံ) နိုင်ငံ့ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၌ အရည်အသွေးပြည့်ဝသော အိုင်တီပညာရှင် များအဖြစ် ပါဝင်နိုင်ရေး ရည်မှန်းဆောင်ရွက်ကြရန်၊ စာကောင်းပေမွန်များ ဖတ်ရှုရေး၊ အားကစား လှုပ်ရှားမှုများ ဆောင်ရွက်ရေးမှာကြားပြီး အခက်အခဲတင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ရောက်ရှိပြီး အင်ဂျင်နီယာဌာနရှိ အလုပ်ရုံများနှင့် ကျောင်းတွင်းအဆောင်များကို ကြည့်ရှုစစ်ဆေးကာ ပြည်သူ့အကျိုးပြု လူကောင်းလူတော် အိုင်တီနည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြားကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,