တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်


Ministry of Information/ Naypyitaw / February 11, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက်စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးကျင်းပပြုလုပ်ကြရာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အလိုက် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့်အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,