တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်စိုက်ပျိုး


Ayeyarwaddy Region Government/ ပုသိမ် / July 26, 2024


ပုသိမ် ဇူလိုင် ၂၄ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင် ၂၄ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်အား ဒေသခံပြည်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ဗြူးအုပ်ဆောင်း၅၀၀၊ မဓမ ၂၀၀၊ ဗြူးခြေထောက် ၆၆၅၊ အုန်းပင်၃၅ ပင် စုစုပေါင်း အပင်  ၁၄၀၀  တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါးစိုက်ပျိုးပေးခဲ့ပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးနေမှုများအားလိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယခုနှစ်တွင် နိုင်ငံပိုင်ဒီရေတောစိုက်ခင်း  ၁၄၀၀ ဧက၊ ဒီရေတော ထင်းစိုက်ခင်း ၅၀၀ဧက၊ စုစုပေါင်း ဒီရေတောစိုက်ခင်း ၁၉၀၀စိုက်ပျိုးမှာဖြစ်ပြီး စိုက်ခင်းအားလုံးစိုက်ပျိုးထူထောင်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။