တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
Ayeyarwaddy Region Government/ ပုသိမ် / September 08, 2025
ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ပြိုင်ပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ဦးတည်ချက်(၄)ရပ်နှင့် အညီကျင်းပသွားမှာ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ကျင်းပခဲ့ပြီး တိုင်းေဒသကြီးအဆင့်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားပြည့်ဝခိုင်မာ အောင်အနုပညာစွမ်းပကားဖြင့် ယှဉ်ပြိုင်သွားကြရန်” အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအဖွင့်တေးသီချင်းဖြစ်သည့် “ရွှေခေတ်ရောက်ပြီ ဧရာဝတီ” တေးသီချင်းအား အဆိုပြိုင်ပွဲ ဝင်များနှင့် ပညာအလင်္ကာအဖွဲ့မှသီဆိုပြီး အကပြိုင်ပွဲဝင်များမှ ကပြတင်ဆက်မှုအားလည်း ကောင်း၊ နိုင်ငံကျော်တေးရေးတေးဆိုပညာရှင် ဦးကေတုဝင်းထွဋ်၏ ခေတ်ဟောင်း/ ကာလပေါ် ဘာသာရပ်တွင်ပါဝင်သော ပြဌာန်းတေးသီချင်း တစ်ပုဒ် ဖြစ်သည့် "ရောင်တော်ဖွင့်" တေးသီချင်းဖြင့် သီဆိုမှုအားလည်းကောင်း၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ကျေးလက်ရိုးရာအကဖြင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့် မြောင်းမြပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့မှကပြတင်ဆက်မှုအားလည်းကောင်း၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား)(အမျိုးသမီး) တစ်ဦးချင်းအကနှင့် အဆင့်မြင့်ပညာ (အမျိုးသား)(ဒိုးပတ်)အဖွဲ့လိုက် တို့၏ဖျော်ဖြေမှုများအားလည်းကောင်းကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာ (၁၅-၂၀) ( အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ်သီချင်းဖြင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။