တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၈)ချက်ကို အလေးထား၍ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ခွဲဝေရရှိသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပြင် မိမိ၏ဌာနတွင်း၌ရှိသော ဝန်ထမ်းများအတွက် တိုက်ရိုက်အကျိုးသက်ရောက် ဖြစ်ထွန်းစေမည့် အသုံးစရိတ်များကို စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း လျာထားသည့်အတိုင်း အချိန်မီပြည့်ပြည့်ဝဝသုံးစွဲရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲမှုမဖြစ်စေရန်နှင့် ပြန်လည် အပ်နှံခြင်းမရှိစေရန် ဘဏ္ဍာငွေများကို ချင့်ချိန်သုံးစွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်း (၁/ ၂၀၁၇)၊ (၁/၂၀၂၂) လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး စံချိန်စံနှုန်းပြည့်မီအောင် အလေးထား ဆောင်ရွက်သွားကြရန်နှင့် ချမှတ်ထားသည့် သုံးလပတ်ငွေသားစီမံချက်များနှင့်အညီ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်၊ အသုံးစရိတ်များကို စနစ်တကျ စိစစ်ချွေတာသုံးစွဲသွားရန်၊ အကျိုးရှိသည့်နေရာတွင် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်မှ ခွဲဝေချပေးသော ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာငွေများကို အလေအလွင့် နစ်နာဆုံးရှုံးမှုများ (လုံးဝ)မရှိစေရေးအတွက် မှန်ကန်စွာဖြင့် သုံးစွဲမှုစနစ်ကို အလေးအနက်ထား ဂရုပြုဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်နှစ်က စီမံကိန်း ၂၄ ခုကို ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ၁၈ ခုရှိပြီး Calendar ရေးဆွဲ၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ သုတေသနပြု၍ ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွား ရလဒ်ကောင်းများကို မိမိကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်က ၂၀၂၄-၂၀၂၅ဘဏ္ဍာ ရေးနှစ်၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေရရှိမှုအခြေအနေကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဘဏ္ဍာငွေခွဲဝေချထားမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများနှင့် တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,