တိုင်းရင်းသားလူမျိုးများ စာပို့တံဆိပ်ခေါင်း ၂၀၀ ကျပ်တန်(၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်
တိုင်းရင်းသားလူမျိုးများ စာပို့တံဆိပ်ခေါင်း ၂၀၀ ကျပ်တန်(၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်
Ministry of Information/ Naypyitaw / October 17, 2025

နေပြည်တော် အောက်တိုဘာ ၁၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ တိုင်းရင်းသားလူမျိုးများအလိုက်ထုတ်ဝေခဲ့ပြီးသောတံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင်များ တစ်စုတစ်စည်းတည်းစုဆောင်းနိုင်ကြရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများစာပို့တံဆိပ်ခေါင်း ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (တနင်္လာနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် အောက်တိုဘာ ၂၀ ရက် (တနင်္လာနေ့)တွင်ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်