တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ရှမ်းပြည်နယ်တွင်ကျင်းပ

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ရှမ်းပြည်နယ်တွင်ကျင်းပ


Ministry of Ethnic Affairs/ တာချီလိတ် / July 01, 2022


တာချီလိတ် ဇွန် (၁၆)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး ရှမ်းပြည်နယ်မှ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြော ခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အခမ်း အနားကို (၁၆-၆-၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဒေသလိုအပ်ချက်အရ တာချီလိတ်မြို့နယ်၊ မုန်းကိုးကျေးရွာအုပ်စု၊ ဆီလီမွန်းရွာ နှင့် ရန်ကုန်ရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ကအဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး ရှမ်းပြည်နယ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်း က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှုအခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးသန်းစိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်အကြောင်းကို လည်းကောင်း၊ ဒုတိယရဲမှူးဝင်းတင့် က လူကုန်ကူးမှုကာကွယ်တားဆီးရေး ကိစ္စရပ်များကို လည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ဆွေးနွေးပွဲစကားဝိုင်းများ ဖွဲ့စည်းပြီးနောက် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်နှင့် ပတ်သက်၍ ရှမ်း၊ လားဟူ၊ ဗမာ၊ အာခါ၊ တအာင်း(ပလောင်) ၊ လီဆူ တိုင်းရင်းသားမျိုးနွယ်စုတို့အား စစ်တမ်းကောက်ယူခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စစ်တမ်းဖြေဆို သူများအပါအဝင် စုစုပေါင်း(၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး စစ်တမ်းစောင်ရေ(၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,