တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 မှ ဒုတိယအဆင့် ပြိုင်ပွဲစဉ်များ ဆက်လက်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 မှ ဒုတိယအဆင့် ပြိုင်ပွဲစဉ်များ ဆက်လက်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / October 07, 2022
image_latest


ရန်ကုန် အောက်တိုဘာ ၆

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှစတင်၍ ပထမအဆင့် အုပ်စုပွဲစဉ်များကို သီဆိုယှဉ်ပြိုင်လာခဲ့ရာ နိုဝင်ဘာ ၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

အဆိုပါ ပထမအဆင့်ပွဲစဉ်မှ ရွေးထုတ်ပေးလိုက်သည့် ပြိုင်ပွဲဝင် ၁၀ ဦးသည် ဒုတိယအဆင့် ပွဲစဉ်များကို နိုဝင်ဘာ ၁၁ ရက်မှစတင်၍ သီဆိုယှဉ်ပြိုင်ကြရမည်ဖြစ်ရာ ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့်ပြုလုပ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန် ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ဆက်လက်ကျင်းပမည့် ဒုတိယအဆင့်ပြိုင်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲရလဒ်များကို ဆုံးဖြတ်ရာတွင် ဒိုင်အဖွဲ့ဝင်များ၏ အကဲဖြတ်အမှတ်ပေးမှုနှင့် ကြည့်ရှုသူပရိသတ်များ၏ SMS Voting များအပေါ် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပြိုင်ပွဲဝင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

တူယှဉ်နွဲပျော်ဂီတပွဲတော် Season-2 ဒုတိယအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအဆင့်သို့ ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၁၀ ဦးက ပြိုင်ပွဲအတွက် ပြဋ္ဌာန်းတေးသီချင်းများနှင့် စိတ်ကြိုက်တေးသီချင်းများကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ၃၀ ရက်တွင် Grand Final ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်