တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွား
တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွား
Ministry of Information/ Naypyitaw / September 12, 2024
တောင်တွင်းကြီး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စက်တင်ဘာ(၉) ရက်နေ့ညမှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများစီးဝင်မှုကြောင့် စက်စက်ယိုချောင်းရေလျှံလျက်ရှိကာ ယနေ့နံနက်ကစတင်၍ တောင်ပြင်(၁) ရပ်ကွက်၊ တောင်ပြင်(၂)ရပ်ကွက်၊ အုန်းတော(၂)ရပ်ကွက်တို့တွင် ရေများဝင်ရောက်လျှက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)
