တောင်တွင်းကြီးမြို့နယ် မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု စစ်ဆေး

တောင်တွင်းကြီးမြို့နယ် မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 21, 2025
image_latest


တောင်တွင်းကြီးမြို့နယ် မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု စစ်ဆေး
တောင်တွင်းကြီး၊ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟင်္ဂရော်ကျေးရွာအုပ်စု၊ မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှု ရှိ၊မရှိကိုလည်းကောင်း၊ စာရင်းဇယားများဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မထီစံပြကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ခုနစ်ဦးကိုငွေကျပ် ၁၇သိန်းငါးသောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၈ဦးကို ငွေကျပ် ၉၃ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ၉၆ဦးကို ငွေကျပ် ၃၄၇သိန်းငါးသောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူငါးဦးကိုငွေကျပ်၁၂သိန်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ ၁၄၆ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၇၀သိန်းထိ ထုတ်ချေးပေးထားကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်

HOT NEWS
January 4,