တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 04, 2024
image_latest


နေပြည်တော် မတ် ၃

တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြ ကွင်း၌ အားကစားပျော်ပွဲရွှင်ပွဲများပြုလုပ်ပြီး တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ စစ်မှုထမ်းကောင်း တံဆိပ်ရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသော အရာရှိ၊ စစ်သည်များ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အကောင်းဆုံးဆုရရှိသော အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,