တွံတေးမြို့နယ်၌ ဆိုလာစနစ် (Rain Gun System ) ဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တွံတေးမြို့နယ်၌ ဆိုလာစနစ် (Rain Gun System ) ဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 16, 2024
image_latest


ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊တွံတေးမြို့နယ် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တမာတကောကျေးရွာအုပ်စု တမာတကောကျေးရွာ၌ တောင်သူများရာသီပေါ် သီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးရေ ပြတ်လပ်မှု မရှိစေရန်  ဆိုလာစနစ် (Rain Gun System ) ဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက တမာကောကျေးရွာ၌ နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများကို ဆိုလာစနစ် (Rain Gun System ) ဖြင့် စိုက်ပျိုးထားသည့်ဧရိယာအတွင်း ရေအသုံးပြုနေမှုနှင့် ထိန်းသိမ်းထားရှိမှုတို့ကိုစစ်ဆေးရာတောင်သူ ဦးအောင်ကျော်မင်းကလုပ်ငန်းဆောင်ရွက်မှု များကိုရှင်းလင်းတင်ပြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် တမာတကော‌ကျေးရွာနေပြည်သူများ ဝင်ငွေတိုးပွားပြီး ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဘက်ဘက်မှ အဆင်ပြေ လာမည် ဖြစ်ကြောင်း သိရသည်။၊

HOT NEWS
January 4,