ထန်းတပင်မြို့နယ်၌ KNU သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ထန်းတပင်မြို့နယ်၌ KNU သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / June 09, 2023
ထန်းတပင်မြို့နယ်၌ KNU သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


      ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသူ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

      ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိရာ ဇွန်လ ၅ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နှစ်တန်ကူးကျေးရွာ၊ တောင်ငူ-မုပ္ပလင်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား နှစ်တန်ကူးတံတားအား KNU သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီးသွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် အရှည် ၈၀ ပေ၊ အကျယ် ၂၄ ပေခန့်ရှိ  သံကူကွန်ကရစ်အမျိုးအစားတံတား၏ အနောက်ဘက်ခြမ်း တွင် ၁၅ ပေခန့်ရှိ တံတားကွန်ကရစ်အခင်းများပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့်တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,