ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၄) ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၄) ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
Ministry of Social Welfare, Relief & Resettlement/ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် / January 29, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၄) ကျောင်း၌ ကျောင်းသား/သူ(၁၂၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
Source: DDM