ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း အစီအစဉ်ပြုလုပ်
ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း အစီအစဉ်ပြုလုပ်
Ministry of Information/ Naypyitaw / February 18, 2025

ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် Grade-1 ကျောင်းသား ကျောင်းသူ ၁၅၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် အ.ထ.က(၁)ဒဂုံ ဒဂုံသီရိခန်းမ၌ ပြုလုပ်ပြီး ကျောင်းသား ကျောင်းသူများအား ထမင်း၊ သီးစုံပဲကုလားဟင်းနှင့် ဖီးကြမ်းငှက်ပျောသီးတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်