ဒဂုံမြို့သစ်မြို့နယ် လမ်းများကောင်းမွန်ရေး ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
ဒဂုံမြို့သစ်မြို့နယ် လမ်းများကောင်းမွန်ရေး ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
Ministry of Information/ Naypyitaw / May 03, 2024
ရန်ကုန် မေ ၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၉) ရပ်ကွက် အောင်သုခလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၅၆) ရပ်ကွက် စိန်မြရံချယ် (၃) လမ်း ကွန်ကရစ်ခင်းခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၇) ရပ်ကွက် တပင်ရွှေထီးလမ်းမှ ရာဇဓိရာဇ်လမ်းအထိ အရှည်ပေ၂၅၀၀ လမ်းသားတိုးချဲ့ခင်းခြင်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၅)ရပ်ကွက် သဇင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်