ဒလမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းလျှောက်နေသူအား ဝင်ရောက်တိုက်မိ၍  အမျိုးသမီး တစ်ဦးသေဆုံး

ဒလမြို့နယ်၌ မော်တော်ယာဉ်မှ လမ်းလျှောက်နေသူအား ဝင်ရောက်တိုက်မိ၍  အမျိုးသမီး တစ်ဦးသေဆုံး


Ministry of Home Affairs/ နေပြည်တော် / October 06, 2025


   ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ အောက်တိုဘာ ၄ ရက်က မော်တော်ယာဉ်မှ လမ်းလျှောက်နေသူအား ဝင်ရောက်တိုက်မိ၍ အမျိူးသမီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ဒလမြို့နယ်၊ တုံးတင်ဂံ(တောင်) ကျေးရွာအဝင်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တုံးတင်ဂံ(တောင်)ကျေးရွာ၊ ရွာလယ်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်နေ ကျော်သူ(၃၈)နှစ် မောင်းနှင်လာသော YGN-40 5H/XXXX LIGHT TRUCK ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းလျှောက်နေသော အဆိုပါကျေးရွာနေ ဒေါ်အမာညို(၇၇)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်အမာညိုတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ကျော်သူအား ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။