ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ ကယားပြည်နယ် / June 05, 2020
image_latest


ဒီးမော့ဆို ဇွန် ၅

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးလုပ်ငန်းများကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောစံ၊ ခရိုင် ဦးစီးမှူး ဦးသောင်းမြင့်၊ ခရိုင်တာဝန်ခံအင်ဂျင်နီယာ ဦးနျားရယ်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဒေါတမကြီးကျေးရွာတွင် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၃၉ ဒသမ ၄၆၆ သန်းဖြင့် အပိုင်း(၁) လယ်ယာကုန်ထုတ်လမ်း အရှည် ၃ မိုင် ၂ ဒသမ ၆၁ ဖာလုံနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၁၈၉ ဒသမ ၉၈ သန်းဖြင့် အပိုင်း(၂) လယ်ယာကုန်ထုတ်လမ်း အရှည် ၂ မိုင် ၆ ဒသမ ၀၁ ဖာလုံ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်း များ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးအတွက် မိုးမကျခင်လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်သွား ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဒေါတမကြီးကျေးရွာအုပ်စုတွင် နှမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခု ဆောင်ရွက်နေသော ကုန်ထုတ်လမ်းသည် လမ်းအရှည် ၆ မိုင်ခန့်ရှိကာ အဆိုပါလုပ်ငန်း ဆောင်ရွက် ပြီးစီးပါ က လမ်းတစ်လျှောက်တွင် စိုက်ပျိုးသော နှမ်းစိုက်ဧက ၇၂၀ ခန့်အတွက် သီးနှံများ လွယ်ကူ လျင်မြန်စွာ သယ်ယူနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၀၃၅ သန်းဖြင့် ဒေါကော့၊ ဒေါတချနှင့် ဒေါဖာ ကျေးရွာတို့တွင် ရေရရှိရေးအတွက် ရေထွက်ရှိရာမှ လျှပ်စစ်ရေတင်မော်တာပန့်များဖြင့် ရေတွန်းတင်ပြီး အိမ်တိုင်ရာရောက် ရေမီတာစနစ်တပ်ဆင်ကာ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေါတချရွာသစ် ကျေးရွာအတွက် ရေဂါလံ ၂၃၅၀၀ ဆံ့ ရေစုကန်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။ အဆိုပါလုပ်ငန်းပြီးစီးပါက ကျေးရွာပြည်သူလူထု ၁၁၁၁ ဦးခန့်အား သောက်သုံးရေ အဆင်ပြေ မည်ဖြစ်ပြီး နွေရာသီကာလ၌ သောက်သုံးရေရရှိရေးအတွက် ရေထွက်ရှိရာသို့ အသွားအပြန် နှစ်နာရီ ခြေလျှင်ခရီးဖြင့် ရေသယ်ယူရခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၁၅၇ ဒသမ ၃၂၃၆ သန်းဖြင့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သော လမ်းအရှည် ၂ မိုင် ၃ ဒသမ ၅ ဖာလုံရှိ ဘိုးလျားကျေးရွာ လယ်ယာ ကုန်ထုတ်လမ်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၆ ဒသမ ၇၅ သန်းဖြင့် ဘိုးလျားကျေးရွာတွင်း အိမ်တိုင် ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)

HOT NEWS
January 4,