ဒုတိယမြို့တော်ဝန် Naypyitaw State Academy ရှေ့မျက်နှာစာ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းနှင့် ပျဉ်းမနား -တောင်ညိုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ဒုတိယမြို့တော်ဝန် Naypyitaw State Academy ရှေ့မျက်နှာစာ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းနှင့် ပျဉ်းမနား -တောင်ညိုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 27, 2026
image_latest


နေပြည်တော် ဧပြီ ၂၆

နေပြည်တော်ကောင်စီဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် Naypyitaw State Academy ရှေ့မျက်နှာစာ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာပန်းခြံများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြေယာရှုခင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

စဉ်ဆက်မပြတ်ပြုစုပျိုးထောင်

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယမြို့တော်ဝန်က ပန်းခြံများအတွင်း ကျွဲ၊ နွားများ လွှတ်ကျောင်းမှုမရှိစေရေး၊ လမ်းဘေး ဝဲ/ယာ ပန်းခြံများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်နှင့်အရိပ်ရပင်များ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်၍ ထပ်မံစိုက်ပျိုးသွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို လျာထားတင်ပြကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်