ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)နှင့် အရိုးရောဂါအထူးကုဆေးရုံကြီး(မန္တလေး) ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)နှင့် အရိုးရောဂါအထူးကုဆေးရုံကြီး(မန္တလေး) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 04, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးသို့ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ရှိ သွားနှင့်ခံတွင်းလူနာများ နေ့စဉ်ကုသပေးလျက်ရှိသောဌာနများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် Smart Practice Room များ၊ Digital Dentistry Lab, Scanning Electron Micro-scope Room, Molecular Lab, Histopathology Lab များ၊ တက္ကသိုလ်စာကြည့်တိုက်နှင့် ခုတင် ၅၀ ဆံ့ ခံတွင်း၊ မျက်နှာ၊ မေးရိုးခွဲစိတ်ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ခံများက ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ အရိုးရောဂါအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံကြီးရှိ လူနာကုသဆောင်များသို့ လှည့်လည်ကြည့်ရှု၍ ဆေးရုံတက်လူနာများကို ကြည့်ရှုအားပေးစကားပြောကြားသည်။

ထို့နောက် အသစ်ဖွင့်လှစ်မည့် တိုးချဲ့လေးထပ်လူနာကုသဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် အကြောအဆစ်အထူးကုဌာန၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာနတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ၊ အရိုးရောဂါပညာဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,