ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ Polytechnic University (မအူပင်)ကို ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ Polytechnic University (မအူပင်)ကို ကြည့်ရှုစစ်ဆေး


Ministry of Science and Technology/ Nay Pyi Taw / May 03, 2025


နေပြည်တော် မေ ၂

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၁-၁၁-၂၀၂၄ ရက်နေ့၌ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အဖြစ် Naypyitaw State Polytechnic University နှင့်အတူ အခြား Polytechnic University များကို ကျိူင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်နှင့် မြိတ်မြို့တို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ် ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၃၀ ရက် နံနက်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ Polytechnic University (မအူပင်)သို့ ရောက်ရှိပြီး လာမည့် ဇွန်လဆန်း ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိသော ပင်မသုံးထပ်ဆောင်ကို ကြည့်ရှု စစ်ဆေးရာ ရှေ့မျက်နှာစာ၊ မြေညီထပ်ရှိ ရုံးခန်းများ၊ ဌာနခန်းများနှင့် စာသင်ခန်းများ၊ အကြီးစား ပြင်ဆင်လျက်ရှိသော အလုပ်ရုံများ၊ တည်ဆောက်ရေး လုပ်ငန်းများဖြစ်သော သုံးထပ်စာသင်ဆောင်၊ ဘော်လုံးကွင်း၊ သုံးထပ်ဆရာမများ အဆောင်နှင့် အခြားလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်း များကို ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး Polytechnic University ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်၊ ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ် အထောက်အကူပြုမည့် အင်ဂျင်နီယာပညာရှင် နည်းပညာရှင် လူငယ်ကောင်းများကို စဥ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ​​​​​​​

HOT NEWS
January 4,