ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori Kato အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori Kato အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / August 14, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးMr. Iori Katoအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် IOM တို့အကြား နှစ်ပေါင်း ၂၀ ကြာ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မန္တလေးငလျင်ဘေးသင့်သူများအား IOM မှ အရေးပေါ် အကူအညီပေးအပ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးမှု၊ ဝန်ကြီးဌာနနှင့် IOM အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေးနှင့် ငလျင်ဘေးသင့်ဒေသများတွင် ဆက်လက် အကူအညီများပေးအပ်နိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်