ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အားလက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အားလက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / November 07, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနနှင့် UNOCHA တို့အကြား ကာလကြာရှည်စွာ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ မန္တလေးငလျင်ကြောင့် ထိခိုက်မှုများအတွက် နိုင်ငံတော်မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,