ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများ တည်းခိုနေထိုင်မည့်အဆောင်များ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများ တည်းခိုနေထိုင်မည့်အဆောင်များ ကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / November 21, 2024
နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းသို့သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိလာကြသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများကို တွေ့ဆုံ၍ တည်းခိုနေထိုင်နိုင်ရန် နေရာချထားမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ တည်းခိုနေထိုင်မည့်အဆောင်များတွင် အိပ်ရာခင်းကျင်း ထားမှု အခြေအနေများ၊ ကြီးကြပ်သူများကို နေရာချထားမည့်အခန်းများ၊ စားရိပ်သာများနှင့် သန့်စင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တည်းခိုနေထိုင်မည့်သူများအတွက် သောက်ရေ နှင့်သုံးရေများကို အလုံအလောက်ထားရှိရန်နှင့် သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိအောင် ဆောင်ရွက်ထားရှိရန်၊ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့ အလိုက် ကြပ်မတ်ဆောင်ရွက်ရန်၊ စားရိပ်သာများကို သန့်ရှင်းသပ်ရပ်မှုရှိအောင် ပြင်ဆင်ခင်းကျင်းထားရှိ နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အစားအစာများ ချက်ပြုတ်ခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်း တို့တွင် သန့်ရှင်းမှုရှိစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြား သည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်မည့် အားကစားသမားများ တည်းခိုနေထိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်အလိုက် နေရာချထားမည့်အဆောင်များ၊ အိပ်ရာသုံး ပစ္စည်းများ ထိန်းသိမ်းထားမှုအခြေအနေများနှင့် ဆပ်ကော်မတီ ရုံးခန်းဖွင့်လှစ်မည့် အခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin