ဒုတိယဝန်ကြီး ဦးရဲတင့် China-ASEAN Artificial Intelligence Collaborative Innovation Center နှင့် မိုင်းယွဲနည်းပညာကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာ

ဒုတိယဝန်ကြီး ဦးရဲတင့် China-ASEAN Artificial Intelligence Collaborative Innovation Center နှင့် မိုင်းယွဲနည်းပညာကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာ


Ministry of Information/ Naypyitaw / November 05, 2025
image_latest


နန့်နင်း နိုဝင်ဘာ ၄

China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တရုတ် - မြန်မာချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ပြီး မီဒီယာကဏ္ဍ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကွမ်ရှီးရုပ်မြင် သံကြားဌာနသို့ သွားရောက်ကာ ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများကို ကြည့်ရှုလေ့လာသည်။

ထိုမှတစ်ဆင့် ချင်းရှုတောင်တန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,