ဒုတိယဝန်ကြီး ဦးလွင်ဦး IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ
ဒုတိယဝန်ကြီး ဦးလွင်ဦး IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / March 12, 2025

နေပြည်တော် မတ် ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် IFRC က မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးမှုအခြေအနေများနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပိုမိုပေးအပ်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ MRCS ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်၊ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Nadia Khoury နှင့် IFRC နှင့် MRCS တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်