ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်၌ အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်၌ အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး


Ministry of Information/ Naypyitaw / December 27, 2024
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၆

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့မှ ဖြေရှင်းရာတွင် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်သမားကိုယ်စားလှယ်များ စေလွှတ် ခွင့်ရှိကြောင်း၊ အလုပ်သမားဥပဒေများပါ အလုပ်သမားအခွင့်အရေး သို့မဟုတ် အကျိုးစီးပွားများနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်နှင့် တောင်းဆိုသူအလုပ်သမားတို့ ဆွေးနွေးရာတွင် အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း၊ ထိုပြင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပလိုပါက ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် SUNTIME JCK Co.,Ltd နှင့် Myanmar Bestfortune Garnment Co.,Ltd၊ Hermite Co.,Ltd အရုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးပြီး အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်နားလည် ယုံကြည်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားသည်။

သတင်းစဉ်