ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 11, 2026
image_latest


နေပြည်တော် မေ ၁၀

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့များရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးစခန်းများ၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စာတိုက်စခန်းများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဆက်သွယ်မှုအစဉ်ကောင်းမွန်စေရေး၊ ချွတ်ယွင်းပြတ်တောက်မှုများဖြစ်ပါက အမြန်ဆုံးပြန်လည်ကောင်းမွန်အောင်ပြုပြင်ရေး၊ စာတိုက်များသည် ရှေးဟောင်းအဆောက်အအုံများဖြစ်၍ ထိန်းသိမ်းပြုပြင်ရေးနှင့် ပြည်သူများက အားထားရသည့်ဝန်ထမ်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

မေ ၈ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေးရုံးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်