ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားထုတ်ပစ္စည်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပြုပြင်နေမှုကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးကျော် ဓာတ်အားထုတ်ပစ္စည်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပြုပြင်နေမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / November 06, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့်အတူ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ရန် လိုအပ်မှုနှင့် ၃၃ ကေဗွီရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘလ်ဝိုင်ယာကြိုးများ ဖျက်ဆီးခိုးယူခံခဲ့ရမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ၃၃ ကေဗွီ ဧက (၅၀၀) ဓာတ်အားခွဲရုံတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတ်အားပုံမှန်ပြန်လည်ရရှိရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ကြရန်၊ လျှပ်စစ်အန္တရာယ်မရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေးအသိ၊ သတိဖြင့် နေထိုင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအားထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီး၍ ဓာတ်အား ပြန်လည်လက်ခံပို့လွှတ်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လောပိတရှိ ဘီလူးချောင်း ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသည့် ရေသွယ်မြောင်းကို ရေနည်းရာသီတွင် ပြန်လည်ပြင်ဆင်ရေး၊ တောင်ကျရေများ ဓာတ်အားပေးစက်ရုံသို့ စီးဆင်းဝင်ရောက်မှုမဖြစ်ပေါ်စေရေး ယာယီရေထိန်းတမံပြုလုပ်ပြီး ရေလမ်းကြောင်းလွှဲထားမှုကိုဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေသွယ်မြောင်းကို ပွင့်လင်းရာသီတွင် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်၊ ယာယီမြေထိန်းတမံကို ရေရှည်ခိုင်ခံ့မှုရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသည်။

ယင်းနောက် အမှတ်(၂) ဘီလူးချောင်း ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း တောင်ကျရေစီးဆင်းဝင်ရောက်မှုများကြောင့် ဓာတ်အားပေးစက်များ၊ ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် လျှပ်စစ်တာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေနှင့် ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကာ စက်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,