ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
Ministry of Information/ Naypyitaw / October 28, 2025
နေပြည်တော် အောက်တိုဘာ ၂၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကမ္ဘောဇသျှမ်းကျောင်းကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ် ဆရာတော်၊ ကျောက်မဲမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပညောဘာသအား ဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးသင်ပညာရေးကိစ္စများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တိလင်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသဝနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ သဒ္ဓမ္မပါလပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လတို့အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထောက်ပံ့လှူဒါန်း
ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျောက်မဲခရိုင် သာသနာရေးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ပြီး ရုံးဝင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ကျောက်မဲမြို့ ရပ်ကွက်(၇)ရှိ ဥတ္တရဓမ္မာရုံ၌ နေရပ်သို့ပြန်လည် ဝင်ရောက်လာသည့် မြို့ခံပြည်သူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်အိတ်များ၊ ထောက်ပံ့ငွေများနှင့် ဓမ္မစာအုပ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
