ဒေါ်လီလီနိုင်ကျော်အား PDF အမည်ခံ အကြမ်းဖက်သမား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

ဒေါ်လီလီနိုင်ကျော်အား PDF အမည်ခံ အကြမ်းဖက်သမား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်နေ ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်၊ အသက် (၅၈) နှစ် သရုပ်ဆောင်/အဆိုတော်သည် မေ ၃၀ ရက် ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်၌ PDF အမည်ခံအကြမ်းဖက် အမျိုးသား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေါ်လီလီနိုင်ကျော်တွင် ယာနားထင်ကျည်ထိမှန် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိသော အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို အပြင်းအထန်ဒဏ်ရာရရှိသည်အထိ လူမဆန်စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) ၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ UNITED ပရဟိတအသင်း၊ ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,