ဓနုဖြူမြို့နယ် တော်ဝ-ကျားချောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး

ဓနုဖြူမြို့နယ် တော်ဝ-ကျားချောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 26, 2024
image_latest


ဓနုဖြူ၊ ဖေဖော်ဝါရီ ၂၃

            ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် တော်ဝ-ကျားချောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၂ ဒသမ ၃၂၂ သန်းဖြင့် ဆောင်ရွက်သည့် ဓနုဖြူမြို့နယ် တော်ဝ-ကျားချောင်းလမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ဓနုဖြူမြို့နယ် တော်ဝ-ကျားချောင်းလမ်း၌ လမ်းအရှည် လေး ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဓနုဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် မေ ၂၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

          အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာများမှ စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

HOT NEWS
January 4,