နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Foreign Affairs/ နေပြည်တော် / April 28, 2026


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ် ဘင် မိုဟာမက် အယ်လ် အက်တီယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၇-၄-၂၀၂၆၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား‌ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။