နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်
နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်
Ministry of Information/ Naypyitaw / January 09, 2024

နေပြည်တော် ဇန်နဝါရီ ၉
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ရောက်ရှိကြပြီး မြတ်ကျောင်းတော်ပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ချောင်းသာအပန်းဖြေဧည့်ရိပ်သာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြပြီး ဒေသထွက်စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
